Monday, August 25, 2008

ဂမ္ဘာရီ ဆိုတဲ့ ဂန္ဘလား


ဂမ္ဘာရီ ဆိုတဲ့ ဂန္ဘလား
ဂါမဏိ
Sunday, August 24, 2008

မြန်မာနိုင်ငံပြဿနာကို ဝင်ရောက်ကူညီဖြေရှင်းပေးနိုင်ဖို့ဆိုပြီး ကုလအတွင်းရေးမှူးချုပ်က နိုင်ဂျီးရီးယား နိုင်ငံသား အီဘရာဟင်ဂမ်ဘာရီကို ၂ဝဝ၅ ခုနှစ်ကစလို့ ကုလအထူးတမန်အဖြစ် ခန့်ထားခဲ့ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံသမိုင်းမှာ အကြမ်းကြုတ်အရက်စက်ဆုံးနဲ့ ခြအစားဆုံး စစ်အာဏာရှင် ဆံနီအဘာချာ အစိုးရလက်ထက် (၁၉၉၃-၉၈) မှာ ဂမ္ဘာရီ ဘာလုပ္ခဲ့သလဲ။ အဲဒီကာလတေလွ်ာက္လံုးမွာ ဂမ္ဘာရီဟာ အဘာချာစစ်အစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဖြစ်ခဲ့ပါတယ်။ အဘာချာစစ်အုပ်စုရဲ့ လူသတ်ဝါဒတွေကို နိုင်ငံတကာမျက်နှာစာမှာ ပညာသားပါပါနဲ့ ကျွမ်းကျင်ပါးနပ်စွာ ကာကွယ်ပေးခဲ့တယ်။ အင်မတန့်ကို တက်တက်ကြွကြွ စိတ်အားထက်ထက်သန်သန်နဲ့ စိတ်ပါလက်ပါ ကိုယ်စားပြုပေးခဲ့တာ ဖြစ်တယ်။ အထက်ကခိုင်းလို့ တာဝန်အရ ဝတ်ကျေတန်းကျေလုပ်ရတာ မဟုတ်ခဲ့ပါဘူး။ “နိုင်ဂျီးရီးယား လူမျိုးတွေ လိုအပ်နေတာ ဒီမိုကရေစီ မဟုတ်ဘူးဗျ၊ ဘာလို့လဲဆိုတော့ ဒီမိုကရေစီဆိုတာ စားလို့မှ မရတာ။ အခုအချိန်မှာ ဒီမိုကရေစီက ဦးစားပေး မဟုတ်ဘူး” လို့ ဂမ်ဘာရီ အဲဒီတုံးကပြောခဲ့ပါသေးတယ်။

အဘာချာအစိုးရအပေါ် တကမ္ဘာလုံးကနေ ဖိအားတွေတိုးလာတဲ့အခါ ဂမ်ဘာရီဟာ အဘာချာအာဏာရှင် စနစ်ကို ကာကွယ်ပေးရာမှာနဲ့ ဖိအားကိုလမ်းလွှဲပေးရာမှာ ပိုနာမည်ဆိုး၊ ပိုပြင်းထန်လာခဲ့တယ်။ ၁၉၉၅ ခု နိုဝင်ဘာလမှာ နာမည်ကျော်စာရေးဆရာလည်းဖြစ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားလည်းဖြစ်တဲ့ အိုဂိုနီ တိုင်းရင်းသား လူထုခေါင်းဆောင် ကင်ဆာရိုဝီဝါကို မတရားအမှုဆင်ဖမ်းပြီး သေဒဏ်ပေးလိုက်လို့ တကမ္ဘာလုံးက ကန့်ကွက် ရှုတ်ချတဲ့အခါ ဂမ်ဘာရီက ကင်ဆာရိုဟာ “သာမန်ရာဇဝတ်သား” တယောက်သာ ဖြစ်တယ်၊ လူသတ်သမားဖြစ်တယ်လို့ စီအဲန်အဲန်ရုပ်သံအစီအစဉ်တခုမှာ သမုတ်ခဲ့ပါတယ်။ (နောက်ပိုင်းမှာ တော့ ဒီလိုမပြောခဲ့ရပါဘူးလို့ ဖြေရှင်းခဲ့တယ်။) ကင်ဆာရိုတို့ (၉)ယောက်ကို ဥပဒေနည်းလမ်းတကျ တရားရုံးတင်စစ်ဆေးခဲ့တာ ဖြစ်ကြောင်း၊ ရှေ့နေကောင်းကောင်းနဲ့ ခုခံကာကွယ်လျှောက်လဲခွင့် ရခဲ့ကြောင်း ဂမ်ဘာရီက ပြောပါတယ်။ ဒါပေမဲ့ အပြင်တရားရုံးမှာ အမှုမစစ်ဘဲ အထူးခုံရုံးမှာစစ်တာ၊ အမှုစစ်ပုံကို ကန့် ကွက်တဲ့အနေနဲ့ ရှေ့နေအားလုံးနီးနီး နုတ်ထွက်သွားတာ၊ တရားလိုပြသက်သေတွေကို စစ်အစိုးရကငွေ ပေးပြီး သက်သေထွက်ခိုင်းတာ၊ အယူခံခွင့်မရတာတွေကိုတော့ ထည့်မပြောပါဘူး။ ကင်ဆာရိုနဲ့ အိုဂိုနီတိုင်း ရင်းသားခေါင်းဆောင် (၈)ဦး သေဒဏ်ပေးမှုကို ဆန့်ကျင်တဲ့ ကမ္ဘာ့နိုင်ငံတွေကိုသွားပြီး သေဒဏ်ကိစ္စ လက်ခံဖို့ စည်းရုံးနားချတာရော ရေနံလက်နက်အားကိုးနဲ့ အကြပ်ကိုင်တာရော လုပ်ခဲ့တဲ့ အဓိက နိုင်ဂျီးရီး ယားသံတမန် (၂)ယောက်က နိုင်ဂျီးရီးယားနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာသံအမတ်ဂမ်ဘာရီနဲ့ နိုင်ငံခြားရေး ဝန်ကြီး တွမ်အစ်ကီမီ တို့ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ နိုင်ငံတချို့ကို နားချလို့မရခဲ့ပေမဲ့ တချို့နိုင်ငံ တွေကိုတော့ ပါးစပ်ပိတ်သွားအောင် အောင်မြင်စွာစွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဂမ်ဘာရီဟာ နိုင်ဂျီးရီးယား ဘဏ္ဍာရေးဌာနကိုပိုင်တယ်၊ သူ့မှာ အဘာချာစစ်အုပ်စုကို ကာကွယ်ပေးရာမှာ ဘာမဆိုလုပ်နိုင်ဖို့ အကန့် အသတ်မဲ့ရင်းမြစ်တွေရှိတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ချင်ရင်>>>

I C ရဲ့ နာဂစ်ရံပုံငွေ ဂီတဖျော်ဖြေပွဲကြီး...


အလင်းရောင် လက်ဖြာည … သို့မဟုတ် … လေးဖြူနဲ့ IC ရဲ့ နာဂစ်ရန်ပုံငွေပွဲ …

ညနေ ၄း ၄၀ နာရီ။
မိုးရွာပြီးစ ကောင်းကင်က ခပ်မှိုင်းမှိုင်းဖျော့တော့နေချိန် သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းမကြီးဘေးမှာရှိတဲ့ သုဝဏ္ဏ္ဏ မိုးလုံလေလုံ အားကစားရုံကြီး ရှေ့မှာတော့ သစ်လွင်တောက်ပတဲ့ အ၀တ်အစားတွေနဲ့ လူငယ် ထောင် ပေါင်းများစွာ စုရုံး ရောက်ရှိနေကြတယ်။ သူတို့မျက်နှာတွေက တက်ကြွလန်းဆန်းနေတယ်။ သူတို့တတွေကို လုံထိန်း ရဲကားတွေ၊ အချူပ်ကား တွေနဲ့ ရာပေါင်းများသော လုံထိန်း ရဲတပ်ဖွဲ့ဝင်တွေက စောင့်ကြည့်နေတယ်။
ဒါပေမယ့် ဒီလူငယ်တွေက လုံထိန်းရဲတွေကိုသတိမမူအား အချင်းချင်းစကြနောက်ကြနဲ့ ပျော်ရွှင်လို့နေကြတယ်။ သူတို့တွေ ဟာ နာဂစ်ဒုက္ခသည်တွေကိုကူညီဖို့ ရန်ပုံငွေရှာတဲ့ နာမည်ကျော် IRON CROSS တေးဂီတအဖွဲ့နဲ့အတူ သီဆိုဖျော်ဖြေမယ့် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်းတို့ရဲ့ စတိတ်ရှိုးပွဲလာရောက်ကြတဲ့လူငယ်တွေပါ။
“လက်မှတ်တွေ ၁၃၀၀၀ နော်၊ ကုန်တော့မှာ”ဆိုတဲ့လက်မှတ်ရောင်းတဲ့သူတွေရဲ့အသံတွေကလည်း ဆူညံ နေတယ်။ မြန်မာ ပြည်မှာ ဈေးအကြီးဆုံးလို့ဆိုနိုင်မယ့် စတိတ်ရှိုးလက်မှတ် တစောင် ကျပ် ၁၅၀၀၀ ၊ ၁၀၀၀၀ ၊ ၉၀၀၀ ဈေးနှုန်းတွေဟာ များပြားလွန်းလှတဲ့ ဈေးနှုန်းဖြစ်ပေမယ့်စတိတ်ရှိုးငတ်နေတဲ့ လူငယ်တွေကတော့ ဈေးနှုန်းကို ဂရုမထား၊ အံ့သြဖွယ်ကောင်း လောက်အောင် ရုံပြည့်ရုံလျှံဝယ်ယူအားပေးကြလို့ ရက်ပိုင်းအတွင်း လက်မှတ်တွေရောင်းကုန်သွားတယ်။ မူလ က ၂၄ ရက် တရက်တည်းကျင်းပဖို့ စီစဉ်ထားပေမယ့် လက်မှတ် မရလိုက်တဲ့ သူတွေအများအပြားရှိတာမို့ ၂၅ ရက်ကိုပါထပ်ပြီး ပွဲကျင်းပ ဖို့စီစဉ်ခဲ့တာလို့ရှိုးပွဲ စီစဉ်သူ ALPINE သောက်ရေသန့် ကုမဏီက တာဝန်ရှိသူ တဦးကဆိုပါတယ်။
သုဝဏ္ဏအားကစားရုံကြီးရှေ့မှာ လူတွေ၊ ကားတွေ၊ ဈေးသည်တွေ၊ ရဲတွေ ရှုပ်ယှက်ခတ်နေတယ်။ ရှိုးပွဲကျင်းပမယ့် အားကစားရုံထဲဝင်ဖို့ တန်းစီနေတဲ့ လူတန်းကြီးကလည်း ရထားတန်းကြီးပမာ ရှည်လျားလွန်းလှတယ်။

အပြည့်အစုံဖတ်ချင်ရင်>>>

Thursday, August 21, 2008

ဂမ်ဘာရီ... လာပြန်သော်လည်း ပြည်သူတွေမြင်တာကတော့


ကုလသမဂ္ဂကိုယ်စားလှယ်ကြီးဟာ မြန်မာပြည်သူတွေကို လာလာပြီး ထူးမခြားနားတွေပဲလုပ်ပြနေကြောင်း ကာတွန်းဆရာဟန်လေး(ဧရာဝတီ)ရဲ့ ပုံဖေါ်ချက်လေးပါ။

Tuesday, August 19, 2008

လူအ...ဖြစ်တဲ့အကြောင်းပြောပြီ...ချွန်း


လူအ

အခုတလောလူက စဉ်းစားတာများပြီး ရောဂါရချင်သလိုဖြစ်လာနေတယ်။ မိုကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားထဲမှာတော့ လူတွေရော ဂါများပြီး သက်တမ်းတိုတာ ဣဿာ၊ မစ္ဆရိယကြောင့်တဲ့။ ဣဿာ၊ မစ္ဆရိယက ချစ်ခြင်း၊ မုန်းခြင့်းကလာတာတဲ့။ ချစ်ခြင်း၊ မုန်းခြင်းက ဝိ တက်ကြောင့်ဖြစ်တာတဲ့။ ဝိတက်ဆိုတာက စဉ်းစားတွေးတောတာကိုပြောတာပါ။ ဒါဆို ရောဂါရလာခြင်းရဲ့အကြောင်းရင်းက စဉ်းစားတာ၊ အတွေးများတာကြောင့်ဆိုပြီး ဆင်ဆင်ခြင်ခြင်နေပါတယ်ဆိုမှ တွေးစရာတွေက ရောက်ရောက်လာတယ်။
လူတွေများကိုယ့်အတွက်ဘဲကိုယ်သိကြတယ်။ စီးပွားရေးသမားတွေများ လူစုစု ဖြစ်ပြီဆို ဘယ်လိုစီးပွားရှာရမလဲဆိုတာဘဲ စဉ်းစားနေကြ တာ။ ကိုယ်ဖာသာစီးပွားရေး ရိုးရိုးသားသားလုပ်တာကို မပြောလိုပါဘူး။ ဒုက္ခသည်တွေကို အကြောင်းပြပြီး စီးပွားရှာကြတာ တော်တော် ဆိုးဝါးတဲ့လုပ်ရပ်ပါ။
ကျမတို့ငယ်ငယ်က မျောက်ပွဲတွေကြည့်ခဲ့ရဘူးပါတယ်။ လူကြီးကသီချင်းဆိုပြီး မျောက်ကလေးကိုကခိုင်းတာပါ။ မျောက်ကလေးက သီ ချင်းအလိုက်နဲ့ကပြတာကို လူတွေက သဘောကျပြီး ပိုက်ဆံတွေထည့်ကြ၊ စားစရာတွေပေးကြနဲ့။ ကျမကိုယ်တိုင် ခလေးဘဝက သ ဘောကျပြီး ကိုယ်ရတဲ့မုန့်ဘိုးလေးတွေကို မျောက်ကလေးကို ပေးခဲ့ဘူးပါတယ်။ အဲ့ဒီတုန်းက လူကြီိးတယောက်ပြောတာ ကျမမှတ်မိ သေး တယ်။ ”လူအတွေ“တဲ့။ ”နင်တို့ပေးတာကို မျောက်စားရမယ်ထင်သလား“ တဲ့။ အဲဒီအချိန်က တည်းက မျောက်ပွဲဆိုရင် မကြည့်ချင် တော့ဘူး။ မျောက်ကလေးကိုသနားလို့။
ယနေ့အချိန်တွေမှာတော့ တိုးတက်တဲ့ခေတ်ရောက်လာလို့လားမသိ မျောက်ပွဲတွေ မတွေ့ရတော့ဘူး။ ဒါပေမဲ့ မျောက်ပြဆန်တောင်း ဆိုတဲ့ အစဉ်လာကြီးကိုတော့ လူတွေကျင့်သုံးနေဆဲပါဘဲ။ ဒုက္ခသည်တွေကို အကြောင်းပြပြီး လုပ်စားလာကြသူတွေက များလာတယ်။ ကိုယ်ကိုတိုင်လည်းမျောက်ဖြစ်ခဲ့ဖူးပါတယ်။ ဒါတွေကိုတော့ မပြောချင်တော့ ပါဘူး။ အခုပြောချင်တာတခုက ”လူအ“ဖြစ်ခဲ့ရတာကိုပါ။



အပြည့်အစုံဖတ်ချင်ရင်>>>

Sunday, August 17, 2008

ကျမတို့ဘာတွေပြင်ဆင်ထားပြီးပြီလဲ...(ခင်မမမျိုး)


ကျမတို့ဘာတွေပြင်ဆင်ထားပြီးပြီလဲ

မြန်မာနိုင်ငံမှာဒီမိုကရေစီရရင်ဆိုတဲ့စကားလုံးကို ကျွန်မတို့တွေ ပြောလေ့ရှိကြပါတယ်။ အထူးသဖြင့် ပြည်ပမှာနိုင်ငံရေးလုပ်နေရင်း မွေး ရပ်မြေကို လွမ်းဆွတ်ကြတဲ့အခါ၊ မွေးရပ်မြေအကြောင်းပြောဆိုကြတဲ့အခါမှာ ပြောဆိုလေ့ရှိကြပါတယ်။ စစ်အစိုးရကြောင့် တိုင်းပြည်ကြီး ရစရာမရှိအောင် ပျက်စီးနေတာတွေ၊ တိုးတက်မှု မရှိပဲ ဆုတ်ယုတ်နေတာတွေကို တွေးမိတဲ့အခါတိုင်း ဒေါသတွေထွက်မိကြ၊ အားမရတွေ လည်းဖြစ်နေကြနဲ့ အတော်ပဲစိတ်ပင်ပန်းရပါတယ်။ တကယ်ပါ။ ကျွန်မကိုယ်တွေ့မှာဆိုရင် မြန်မာပြည်အကြောင်း တွေးမိရင်း အိပ်ပျက်ခဲ့ ရတဲ့ညတွေ၊ ရထားဘူတာကျော်သွားတာတွေ၊ ဘတ်စ်ကားမှတ်တိုင်ကျော်သွားတာတွေ၊ ၀မ်း နည်းမျက်ရည်ကျမိတာတွေ၊ စိတ်ဆိုးမာန် ဆိုးနဲ့ နံရံကိုလက်သီးနဲ့ထထိုးမိတာတွေ၊ အိမ်ထဲကပစ္စည်းတွေကို ကောက်ပေါက်မိတာတွေ ဖြစ်ခဲ့ရတာ အများကြီးပါ။ လက်သီးကိုကျစ်ကျစ်ဆုတ်ပြီး၊ ၀မ်းနည်းကြေကွဲမှုတွေ ကို နာကျည်းမှုခွန်အားအနေနဲ့ ပြောင်းဖြစ်ခဲ့ရတဲ့ အကြိမ်တွေလည်း မရေတွက်နိုင် အောင်ပါ။ ဒါပေမယ့် - ကျွန်မတို့တွေ ဒီလိုဖြစ်နေရုံနဲ့ ဒီပွဲက ပြီးသွားမှာလား ------ ။

အဖြေကရှင်းပါတယ်။ မဟုတ်ပါဘူး။ ကျွန်မတို့တွေ လုပ်နိုင်တာလုပ်ရင်း ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင် ရင်း အနာဂတ်ဒီမိုကရေစီ နိုင် ငံတော်သစ်အတွက် မျှော်လင့်ချက်အပြည့်ထားကြရမှာပါ။ တကယ်တမ်းကျ တော့ ဒီမိုကရေစီရရင်ဆိုတဲ့ စကားလုံးကို ကျွန်မတို့အလွယ် တကူ ပြောတတ်ကြပေမယ့် ကျွန်မတို့အခု စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ဒီမိုကရေစီနိုင်ငံလို့ ကြေညာလိုက်ရုံနဲ့ ဒီမိုကရေစီအပြည့်အ၀ ရှိတဲ့ နိုင်ငံ ချက်ချင်းဖြစ်လာမှာမဟုတ်ပါဘူး။ ဒါဟာ ကနဦးဒီမိုကရေစီအသွင်ကူးပြောင်းမှု (Initial Democratization) ပဲရှိပါသေးတယ်။ ကျွန်မတို့ရဲ့ နောင်တော်မျိုးဆက်တွေ အသက်ပေးပြီး တောင်းဆိုခဲ့ကြတဲ့ ဒီမိုကရေစီဆိုတဲ့ စနစ်ကြီး ရေရှည်တည်တံ့ဖို့အတွက်Democa
atic Consolidation ဆိုတဲ့အဆင့်ကြီး အောင်မြင်လာအောင် ကိုပါ ဆက်လက်လုပ်ကိုင်ကြဖို့ ကျွန်မတို့မှာ သမိုင်းပေးတာဝန်ရှိပါတယ်။ “မုနှ့်ဆီကြော်ကဘယ်နေမှန်း မသိ။ နှုတ်ခမ်းနာနဲ့တည့်ပါ့မလား“ ဆိုပြီး လုပ်နေတယ်လို့ ကျွန်မကို ဆိုချင်လဲ ဆိုကြပါ။ ဒါပေမယ့် နောက် တနေ့တာအချိန်ဇယားကို ကြိုတင်ပြင်ဆင်ပြီးမှ ညအိပ်လေ့ရှိတဲ့ ကျွန်မ၊ လေးငါးနှစ်မှာဖြေသင့်တဲ့ စာမေးပွဲ ကိုလည်း အခုကတည်းက ကြို တင်ရွေးချယ်လေ့ရှိတဲ့ကျွန်မ၊ မလွန်ဆန်နိုင်သော ကံကြမ္မာဆိုး တစုံတရာ ကြောင့် ချထားတဲ့စီမံကိန်းလွဲချော်သွားရင် လုပ်သင့်တဲ့ Back up plan နဲ့ ကိုယ်သွားမယ့်လမ်းကြောင်းပေါ် မရောက်ရောက်အောင် တစိုက်မတ်မတ်နဲ့ ပြန်တက်လေ့ရှိတဲ့ ကျွန်မအတွက်တော့ ကြိုတင် ပြင်ဆင်မှုဆို တာကို အလေးအနက် အလွန်အမင်းထားတတ်တာ အကျင့်ဖြစ်နေလို့ ဒီပို့စ်လေးကို ရေးဖြစ်တာပါ။

အပြည့်အစုံဖတ်ချင်ရင်>>>

Wednesday, August 13, 2008

ပျောက်ဆုံးခဲ့သော ပွဲသိမ်းဗျူဟာ (ဧရာဝတီမဂ္ဂဇင်းမှကူးယူဖေါ်ပြပါသည်)


ပျောက်ဆုံးခဲ့သော ပွဲသိမ်းဗျူဟာ
မင်းဇင်| သြဂုတ် ၁၃၊ ၂၀၀၈

ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတဦးဘ၀မှ သတင်းထောက်ဖြစ်လာသူ မင်းဇင်က သူ၏ ၈၈ အရေးတော်ပုံ အတွေ့အကြုံ များကို ပြန်လည်ဆင်ခြင်ဖော်ပြထားခြင်း ဖြစ်ပါသည်။
“၈ လေးလုံးလှုပ်ရှားမှုကြီး” ဟု လူသိများထင်ရှားလှသည့် မြန်မာ့ဒီမိုကရေစီအရေးတော်ပုံကြီး စတင်ခဲ့သည်မှာ နှစ် ၂၀ တိုင်ခဲ့ပေပြီ။ ထို အရေးတော်ပုံကြီးတွင် တနိုင်ငံလုံးရှိ ပြည်သူများက စစ်အာဏာရှင်စနစ် ဖယ်ရှားရေးနှင့် ဒီမိုကရေစီ အစိုးရတရပ် ပေါ်ထွန်းရေးအတွက် အုံကြွတောင်းဆိုခဲ့ကြသည်။
လူအများက ဤအရေးတော်ပုံကြီးကို တခဲနက်ထောက်ခံအားပေးကြပြီး အုပ်ချုပ်သူများအပေါ် မုန်းတီးခဲ့ကြ သော်လည်း အရေးတော်ပုံကြီးက ယခုတိုင် ပန်းတိုင်မရောက်နိုင်သေးဘဲ ဖြစ်နေသည်။
၈၈ အရေးတော်ပုံကြီးတွင် အသက်စွန့်လွှတ်ဆောင်ရွက်ခဲ့သူများရှိသကဲ့သို့ ယခုတိုင် တိုက်ပွဲအတွင်း စွမ်းစွမ်းတမန် ကိုယ် ကျိုးစွန့်၍ ရက်စက်ကြမ်းကြုတ်လှသော စစ်အာဏာရှင် အစိုးရကို ဆက်လက်အံတုနေကြသူများလည်း ရှိသည်။ အကယ်၍ မိမိတို့ကသာ အားနည်းချက်များကို သုံးသပ်ပြင်ဆင်၍ အောင်ပွဲကို အရယူပေးနိုင်ခဲ့ပါက စွန့်လွှတ်ပေးဆပ်ခဲ့သူများအတွက် အမှန်တကယ် မွန်မြတ်သည့် ကောင်းကျိုးပြုပေးသကဲ့သို့ ဖြစ်ပေလိမ့်မည်။
ဤသို့ ဆောင်ရွက်နိုင်ရန်မှာ အတိတ်သမိုင်းကို ပြန်လည် ဆင်ခြင်သုံးသပ်ရန် လိုအပ်ပြီး သင်္ခန်းစာ ထုတ်ယူ တတ်ရန် လည်း လိုပေလိမ့်မည်။ သို့မှသာ အတိတ်ကအမှားများကို ပြန်ကျော့မိခြင်းမှ ကင်းပေလိမ့်မည်။ သို့သော်လည်း လှုပ်ရှား ဆောင်ရွက်နေသူ အများစုက “၈ လေးလုံးအရေးတော်ပုံကြီး” ကို စံပြုအပ်သည့် အောင်ပွဲကြီးအဖြစ် ထင်မှတ် နေကြပြီး နောက်တကြိမ် အရေးတော်ပုံတရပ် ထပ်ဖြစ်စေရန်လည်း လုံ့လဥဿဟ ထုတ်နေကြသည်။
ဤသို့စိတ်ကူးဆောင်ရွက်နေခြင်းသည် ဆန္ဒသက်သက်မျှသာဖြစ်ပြီး စနစ်တကျ ချမှတ် ဆောင်ရွက်နေသည့် မဟာ ဗျူဟာတရပ် မဟုတ်သည့် အချက်ကတော့ ဝမ်းနည်းဖွယ်ကောင်းလှသည်။
လူထုအုံကြွမှု အရေးတော်ပုံကြီး အရေးနိမ့်စေခဲ့သည့် အကြောင်းအချက်တရပ်မှာ အတိုက်အခံအင်အားစုများက “ပွဲသိမ်း” အောင်ပွဲကို ဖော်ဆောင်ပေးမည့် ဗျူဟာမြောက်ခေါင်းဆောင်မှုတရပ် မထူထောင်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ဆန္ဒပြပွဲများက သြဂုတ်လကုန်ပိုင်းမှ စတင်လာခဲ့ပြီး စက်တင်ဘာလ ၁၈ ရက်နေ့၊ စစ်အာဏာမသိမ်းမီ အထွဋ်အထိပ်သို့ ရောက်လာခဲ့သည်။ အစိုးရအုပ်ချုပ်ရေး ယန္တရားများကလည်း သွက်ချာပါဒလိုက်နေခဲ့ပြီ။ ထိုအချိန်တွင် အတိုက်အခံ အင်အားစုများ၏ ခေါင်းဆောင်မှုအပိုင်းက အာဏာလစ်ဟာမှုကို ဖြည့်ဆည်းနေရာယူ ဦးဆောင်မှု မပြုနိုင် ခဲ့ကြဘဲ ပျက်ကွက်ခဲ့သည်။ အတိုက်အခံခေါင်းဆောင်များက အချင်းချင်းညီညွတ်မှု မရယူနိုင်ကြသလို အစိုးရပြောင်းလဲရေး အတွက်ဖြစ်စေ၊ ဆွေးနွေးညှိနှိုင်း၍ အသွင်ကူးပြောင်းရေးဖန်တီးရန်အတွက်ဖြစ်စေ အခြေအနေများ မဖန်တီးနိုင်ခဲ့ကြပေ။ ထို့ကြောင့်လည်း အခွင့်အလမ်းများ လက်လွတ်ခဲ့ကြရသည်။

အပြည့်အစုံဖတ်ချင်ရင်>>>

Wednesday, August 6, 2008

ရှစ်လေးလုံးဂုဏ်ပြုကဗျာ...(ဝင်းတင့်ထွန်း)


ရှစ်လေးလုံးအရေးတော်ပုံကြီးးရဲ့ ဂုဏ်ရောင်
ထာဝရ ထွန်းပြောင်ပါစေ

-------------------------------
၈ - ၈ - ၈၈ မှ
၁၈ - ၉ -၈၈ နေ့အထိ
၁၃၅၀ပြည့် အရေးတော်ပုံ
ရှစ်လေးလုံးအရေးတော်ပုံ -
ဒီ အရေးတော်ပုံကြီးရဲ့ ဂုဏ်ရောင်ဟာ
စစ်အာဏာရှင်တွေ ဘယ်လိုဖြို ဖြို
ဘယ်တော့မှ မပြို ပျက်
ဆက်လက်ပြီးပဲ ရှင်သန်
သမိုင်းတွင် ကျန်ရစ်ခဲ့မှာ သေချာတယ် ။

ဒီအရေးတော်ပုံကြီးဟာ
ဗမာပြည်ရဲ့ သမီးသား
ခွပ်ဒေါင်းများက စတင်လိုက်
လူထုတိုက်ပွဲပေါင်းစုံတို့ရဲ့ စုစည်းရာ
သမိုင်းဝင် မဟာအရေးတော်ပုံကြီး ဖြစ်ပါတယ် ။

အပြည့်အစုံဖတ်ချင်ရင်>>>

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့