Friday, October 31, 2008

မုန်တိုင်းမြစ်...(ဂင်ကြီး)


ကိုမောင်ရင့်လက်ရာ
မုန်တိုင်းမြစ်

မြစ်မင်းရေ…
ရှိုက်ရှိုက်ငင်ငင် စီးဆင်းလာတာဟာ
ဒေါသမိုးရေတွေကြောင့်တဲ့လား…။

မြစ်မင်းရေ…
လူးလူးလိမ့်လိမ့် စီးကျလာတာဟာ
သောကမျက်ရေတွေကြောင့်တဲ့လား…။

မြစ်မင်းရေ…
ဆွဲဆွဲငင်ငင် တော်လဲ..ခင်းတာဟာ
မောဟသက်သေတွေကြောင့်တဲ့လား…။

တကယ်တော့လေ မြစ်မင်း…
သင်ဘာကိုမှ ဂရုမစိုက်ရင်တောင်
ဒေါသမိုးတွေ…
သောကမျက်ရေတွေ…
မောဟသက်သေတွေဟာ…
ဟော့ဒီ့ မင်းရင်ခွင်တရိုးမှာ
ပိုးလိုးပက်လက် ပြိုးပျက်ပျက် မုန်တိုင်းဆင်…။

ဂင်ကြီး

Tuesday, October 28, 2008

ဒို့ခေတ်ကို ရောက်ကိုရောက်ရလိမ့်မယ်..(ဂါမဏိ)


ဒို့ခေတ်ကို ရောက်ကိုရောက်ရလိမ့်မယ်

၂ဝဝ၇ စက်တင်ဘာလ၌ မြန်မာပြည်သူတို့ နောက်တဖန်အုံကြွချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ကျနော် တို့ ကြုံတောင့်ကြုံခဲ တွေ့မြင်လိုက်ရသည်။ သူမကို ရန်ကုန်မြို့တော်၏ အင်းယားကန်နဘေးမှ အကျယ် ချုပ်ကျခံနေရသော နေအိမ်ခြံတံခါးဝ၌ မတ်တပ်ရပ်လျက် တွေ့လိုက်ရခြင်းဖြစ်ပါသည်။ သူမကိုကြည့်ရ သည်မှာ ပိန်လှီလှသည်။ ပြည်သူလူထုများကား သူမနေအိမ်ဘေးမှ ဖြတ်သွားနိုင်ရုံလောက်၊ သူမ၏ စန္ဒယားလက်သံကို ကြားလိုက်ရ၍ စိတ်အေးသွားနိုင်ရုံလောက်အတွက် လမ်းပိတ်ဆို့တားဆီးစစ်ဆေးမှု များကို ရင်ဆိုင်ကျော်ဖြတ်ကြသည်။ သူမသည် ခြံပြင်မှ လူသံသူသံများကို အိပ်ရာထဲလှဲရင်း စောင့် နားထောင်နေတတ်သည်၊ မိမိ၏နှလုံးခုန်သံကိုလည်း အိပ်ရာထဲလှဲရင်း နားထောင်နေတတ်သည်ဟု ကျနော့်ကို ပြန်ပြောပြခဲ့ဖူးသည်။ “ကျမ နေမကောင်းဖြစ်ပြီးတဲ့နောက် ပက်လက်လှန်အိပ်ရင် အသက်ရှူ ရတာ ခက်လာတယ်” ဟု သူမကပြောဖူးသည်။

ထိုသို့ပြောခဲ့သည်မှာ လွန်ခဲ့သော ဆယ်နှစ်ကဖြစ်သည်။ ထိုစဉ်က သူမအိမ်ထဲ ခိုးဝင်ရသည်မှာ မြန်မာ့ယူဂျီ လောက၏ အစွမ်းကုန်ကျွမ်းကျင်ပိုင်နိုင်မှု လိုအပ်ခဲ့သည်။ ကျနော်နှင့် အဖော်ရုပ်ရှင်ရိုက်သမား ဒေးဗစ် မန်ရိုကို သူမ၏ လက်ထောက် ကိုဝင်းထိန်က ကြိုခဲ့သည်။ ကိုဝင်းထိန်မှာ အကျဉ်းထောင်တွင်း ခြောက်နှစ် ကျခံခဲ့ဖူးပြီး ငါးနှစ်ကို တဦးတည်းတိုက်ပိတ်ခံ ဖြတ်သန်းခဲ့ရသည်။ ထိုသို့ကြုံခဲ့ရသော်ငြား သူ၏မျက်နှာမှာ ကြည်လင်နေပြီး လက်ဆွဲနှုတ်ဆက်ရာ၌လည်း နွေးထွေးနေသည်။ သူက ကျနော်တို့ကို အိမ်ထဲခေါ်သွား သည်။ တချိန်က ခန့်ညားထယ်ဝါခဲ့သောအိမ်ကြီးမှာ ယခု အခြေအနေမကောင်းတော့သည့် ခေတ်ကာလ ကို ပြနေသည်။ ခြံဝင်းအတွင်း အုန်းပင်များ ဖရိုဖရဲပေါက်ရောက်နေသည်မှာ အင်းယားကန်ရေစပ်အထိ၊ သံဆူးကြိုးတန်းအထိ ဖြစ်သည်။ ဤသံဆူးကြိုးက ဤအိမ်သည် ၁၉၉ဝ ခုတွင် ရွေးကောက်ပွဲကို တခဲနက် အနိုင်ရခဲ့သည့် အမျိုးသမီးကြီး၏ အကျဉ်းထောင်ဖြစ်ကြောင်း သတိရစေသည်။ ၁၉၉ဝ ခု၏ ဒီမိုကရေစီ ဇာတ်ဝင်ခန်းမှာ ကို့ယို့ကားယားယူနီဖောင်းများဝတ်ထားသည့် ဗိုလ်ချုပ်များမှ ပြည်ဖုံးကားချပစ်ခြင်းကို ခံခဲ့ ရလေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပိုးထမီဝတ်ထားပြီး ဆံကေသာ၌ သစ်ခွပန်း ထိုးထားသည်။ သူမသည် ထူးခြား ထင်းလင်းစွာ ဆွဲဆောင်နိုင်စွမ်းရှိပြီး သူမ၏ တည်ကြည်ချိန်မျက်နှာက သူမ၏စွန့်လွှတ်စွန့်စားခရီး စဉ်ကို လျှောက်လှမ်းစေသောပိုင်းဖြတ်မှုကို ပြသနေသည်။

ကျနော်တို့က သူမ တခါမှမမှတ်မိသည့်ဖခင်ဖြစ်သူ လုပ်ကြံသတ်ဖြတ်ခံရသော မြန်မာ့လွတ်လပ်ရေး တိုက်ပွဲဝင်သမား ဗိုလ်ချုပ်အောင်ဆန်း၏ နံရံပြည့်ရုပ်ပုံကြီး အရှိန်အဝါလွှမ်းမိုးနေသည့်အခန်းထဲ ထိုင်ခဲ့ ကြသည်။

အပြည့်အစုံဖတ်ချင်ရင်>>>

Thursday, October 23, 2008

အစနဲ့အဆုံး...(ဂင်ကြီး)


အစနဲ့အဆုံး

ကျနော် အခုတလော အလုပ်ကသိတ်ရှုပ်နေတာဗျာ ပိုစ်မတင်ဖြစ်တာတောင် တော်တော်ကြာသွားပြီ၊ အကြောင်းအရာတွေစဉ်းစားမိတာ တော့ အများသား ချမရေးဖြစ်ခဲ့ဘူး အခုရေးချင်တာတော့ဗျာ အမေရိကားကို ရောက်နေကြတဲ့ အထူးသဖြင့် အိမ်ထောင်သည်တွေကို အကြံပေးဆွေးနွေးချင်တာလေးတွေ ရေးမယ်ဗျာ၊ အကြောင်းအရာတွေတော့ နည်းနည်စုံပါလိမ့်မယ်။
ကျနော်တို့မိသားစု အမေရိကားကိုရောက်တဲ့နေ့က ကျနော့်သူငယ်ချင်းတွေလာကြိုကြတယ်ဗျ မိသားစုကများတော့ ကျနော်နဲ့ခလေး တယောက်ကကားတစီး မိန်းမနဲ့ကျန်တဲ့ခလေးတွေကကားတစီး လေဆိပ်ကထွက်လာကြတာပေါ့ဗျာ အဲ့ဒီ့မှာလာကြိုတဲ့သူငယ်ချင်းကို မင်းအမျိုးသမီးနေကောင်းလားဆိုတော့ သူပြန်ဖြေပုံက အေးစက်စက်ဗျ ဒါနဲ့ကနော်က ဘာဖြစ်ထားလိုတုန်းဆိုတော့ Domestic Violence ဖြစ်ထားတယ်တဲ့ သူကဆက်ပြောလိုက်သေးတယ် အမေရိကားရောက်လာရင်မိန်းမတွေက ထောင်ထောင် ထောင်ထောင် လုပ်တတ်တယ်တဲ့ စိတ်မထိန်းလို့ ထ… နားရင်းရိုက်မိရင် ပြဿနာတက်တတ်တယ်သတိထားတဲ့ ကျုပ်အခုအဲ့ဒီ့လိုဖြစ်တာတဲ့….။
ရောက်ရောက်ခြင်းကျနော်သိခဲ့ရတဲ့ အကြောင်းအရာလေးပေါ့ဗျာ အဲ့ဒါနဲ့ဆိုပါတော့ဗျာ ကျနော်သူ့အိမ်ကိုမသွားဖြစ်ဘူး ဘာထောင် နေမှန်းမသိလို့ပါ၊ နောက်အနေနည်းနည်းကြာလာတော့ ကျနော်တို့နဲ့လုပ်ဖော်ကိုင်ဘက်တွေထဲကတချို့ လူတွေရဲ့ မိန်းမတွေက နောက် လူနဲ့လိုက်သွားလို့ ကျန်ခဲ့တဲ့ခလေးတွေကိုသူတို့ကပဲ ပြုစုစောင့်ရှောက်ပြီးကျန်ခဲ့တာ တွေ့ရတယ်ဗျို့ ဒီလူတွေကလဲတော်တယ်ဗျာ ခလေး တွေကိုရင်အုပ်မကွာစောင်ရှောက် လုပ်ကိုင်ကြွေး ခလေးလေးတွေကလဲ လိမ်မာသားဗျ ကျနော်တို့မြန်မာပြည်မှာဆို ယောင်္ကျားကပစ် သွားတတ်ကြတာ ဒီမှာကပြောင်းပြန် ရှိမှာပေါ့လေ..ယောင်္ကျားကပစ်သွားတာတွေလဲ…။
ကျနော်အဓိကပြောချင်တာက ဘာကြောင့်ဒီလိုအိမ်ထောင်ရေးတချိွု့ ပြိုကွဲကုန်တာလဲဆိုတာကိုပါ၊ သိကြတဲ့အတိုင်းပဲလေ ဟိုမှာနေ တုန်းကတော့ မြန်မာ့ယဉ်ကျေးမှုကခွင့်မပြုတာရယ် အဓိကယောင်္ကျားတွေကပဲဦးဆောင်နေတာရယ် ရှင်းရှင်ပြောရရင် ဖိုဝါဒအားကောင်း တာရယ်လို့ပဲ ဒီလိုပဲ လွယ်လွယ်သုံးသပ်လိုက်တာကိုး မပြည့်စုံဘူးဗျ ဟိုမှာတုန်းကထားခဲ့ကြတဲ့ ယောင်္ကျားတွေ၊ မိန်းမတွေရဲ့စိတ်ဓါတ် နေရာသစ်။ပါတ်ဝန်းကျင်သစ်၊မတူကွဲပြားတဲ့ ယဉ်ကျေးမှုနဲ့လူမှုဆက်ဆံရေးနဲ့ ထိတွေ့ရတဲ့အချိန်မှာ မိမိရဲ့အိမ်ထောင်ရေးကို ဘယ်လို ကောင်းအောင်၊တိုးတက်အောင်လုပ်ကြမလဲဆိုတာ အဓိကသွားကြတာတွေ့ရတယ် အမျိုးသမီးတွေဟာ များသောအားဖြင့် မြန်မာ့အိမ် ထောင်ရေးမှာ ယောင်္ကျားတွေလောက် အခွင့်အရေးမရခဲ့ကြတာများပါတယ် ဆုံးဖြတ်ပိုင်ခွင့်၊ဝင်ငွေရှာနိုင်မှု၊ ဥပဒေအရ အကာအကွယ် ပေးမှု၊ခွန်အား၊အစဉ်အလာဟောင်းများ(အမျိုးသမီးများအားနှိမ့်ချဆက်ဆံခြင်း) တွေဟာမြန်မာ့လူ့အဖွဲစည်းမှာ ရေရှည်အမြစ်တွယ် ခဲ့တာမဟုတ်လား ဒီဒါဏ်တွေကိုအမျိုးသမီးတွေတကယ်ခံစားခဲ့ကြရတာပါ။
အထူးသဖြင့်တော့ အမျိုးသားတွေဟာ မြန်မာ့လူအဖွဲ့အစည်းမှာ ရှေတန်းနေရာရခဲ့ကြတာပါ ဦးဆောင်ခွင့်၊အမိန့်ပေးခွင့်တွေရသလို တာ ဝန်ခံမှုတွေ၊ဆုံးဖြတ်ပိုင်ခွင့်တွေအမျိုးသမီးတွေထက်ပိုရခဲ့ကြတာပါ ဒီမှာအားနည်းချက် ဘာတွေသွားတွေ့ရသလဲဆိုတော့ ငါဟာအိမ် ထောင်ဦးစီးပဲဆိုပြီး ထင်ရာလုပ်ခွင့်ရလာကြတာတွေပါ၊လင်ကိုဘုရားသားကိုသခင်တို့ အိမ်ဦးနတ်တို့ဆိုတဲ့ မှားယွင်းတဲ့ တနည်းအားဖြင့့်် ပဒေသရာဇ်အတွေးအခေါ်တွေကျန်နေတဲ့ စဉ်းစားချက်တွေပါ ချုပ်ပြောရရင်တော့ဗျာ ခေတ်သစ်အိမ်ထောင်ရေးတွေနဲ့ ကိုက်ညီတဲ့ လူမှုကျင့်ဝတ်တွေကို ယဉ်ကျေးမှုအဟောင်းတွေထဲ့က ယူသင့်တာယူ မယူသင့်တာတွေပယ်ဖျက်ပစ်ကြရမှာပါ၊ ထို့အတူကောင်းတာတွေ ကိုအတုခိုး မကောင်းတာတွေကိုပယ်တတ်ရမှာပါ ဥပမာ ကျနော်တို့ ဗုဒ္ဒဘာသာမှာ ကာမေသုမိစ္ဆာစာရကံကို ထိမ်းတာကောင်းပါတယ် ဒီကအမေရိကန်တွေမှာလဲ ပညာတတ်တွေ၊အတွေးအခေါ်ရှိသူတွေဟာ အိမ်ထောင်ရေးသစ္စာမြဲကြတာတွေများပါတယ် သူတို့အိမ်ထောင် ရေးကို တော်တော်ဂရုစိုက်ကြတာလဲ တွေ့ရပါတယ်။

အပြည့်အစုံဖတ်ချင်ရင်>>>

Saturday, October 18, 2008

မြေဇာမြက်... တပင်... ချွန်း


(၁)
ကျမရဲ့ အိမ်ပြန်လမ်းက မချောမွေ့ပါဘူး။ ဒါပေမဲ့ ကျမအိမ်ပြန်ခွင့်ရတော့မယ်ဆိုတဲ့ အသိက အရာရာကိုသည်းခံနိုင်ခဲ့ပါတယ်။ ကြပ်ညှပ်နေတဲ့ကားကြီးထဲမှာ လူတွေရဲ့သက်ပြင်း ချသံတွေက တိုးတခါ၊ ကျယ်တလှည့်ပါပဲ။ လူမျိုးစုံ၊ ဘဝမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံနဲ့ ကျမတို့ရဲ့ နေထိုင်ရာဒေသကို ပြန်ကြရမဲ့သူတွေက ဘာဖြစ်လို့များ သက်ပြင်းဒီလောက်ချနေကြတယ် ဆိုတာ ကျမနားမလည်နိုင်အောင်ပါပဲ။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်ထဲက ခွဲခွါခဲ့ရတဲ့ ကျမရဲ့ မွေးရပ်မြေကို ဒါပထမဆုံး ပြန်ရောက်ဖို့အခွင့်အရေးပါပဲ။ ဘယ်သူတွေဘာဖြစ်နေနေ ကျမကတော့ ပျော်ရွှင်နေခဲ့ပါတယ်။
‘မဗိုက်ကို ဆွဲတင်ပေးလိုက်ပါအုံး’ ဆိုတဲ့အသံနဲ့အတူ လူတစ်ယောက်က ကျမလက်ကို ဆွဲပြီး လှေပေါ်ရောက်ဖို့ကူညီပေးပါတယ်။ ကျမ..ရင်ထဲမှာ ကျင်ခနဲနေအောင် ဝမ်းသာစိတ် ဖြစ်မိပါတယ်။ ဒါ.. ပထမဦးဆုံး လူတွေရဲ့ ဂရုဏာတရားကို ကျမခံစားရခြင်းပါ။ ဒါ.. ကျမရဲ့ မွေးရပ်မြေက ပထမဦးဆုံး ကြိုဆိုလိုက်တဲ့ နွေးထွေးမှုပါလား။ အိမ်အပြန်လမ်းအတွက် ကျမမှာ ခွန်အားတွေရလိုက်ပါပြီ။ မွေးရပ်မြေမှာ ပထမဆုံးခြေချခွင့်ရတဲ့နေရာက မြဝတီတဲ့။ လှေပေါ်ကဆင်းလိုက်သည်နှင့် ဆိုးဝါးလှတဲ့အတိတ်ကဖြစ်ရပ်တွေကို ဒီကမ်းစပ်မှာပဲအပြီးတိုင် မြုပ်နှံခဲ့ပြီး လူသစ်၊ စိတ်သစ်၊ ဘဝသစ်နဲ့ မွေးရပ်မြေမှ မိဘ၊ မောင်နှမတွေထံ မရောက် ရောက်အောင်ပြန်မည်ဟု ကျမ ဆုံးဖြတ်လိုက်ပါတယ်။



အပြည့်အစုံဖတ်ချင်ရင်>>>

Thursday, October 16, 2008

အဟောင်းကြီး

အဟောင်းကြီး

မိုးကောင်းကင်တောင်မှ…
ပြိုမယ်ဆိုရင်
အမိန့်ရမှ ပြိုရမဲ့ခေတ်ပါလားဟေ့..။

ငှက်ဆိုးတွေ ဗိုလ်လုပ်နေတဲ့ခေတ်မှာ…
အခွင့်အရေးဆိုတာ
အမိန့်ပေးစံနစ်ရဲ့ သားကောင်ပါကလား..။

ဗူးလေးရာ ဖရုံဆင့်ကုန်တာပေါ့…
ဘောင်းဘီဝတ်နဲ့ ဘောင်းဘီချွတ်
ဘယ်သူ ပိုမိုက်သလဲပဲ..။

အဟောင်းနဲ့ အသစ်…
အဖြစ်နဲ့အပျက်…
အိမ်မက်ထဲက ဝေဒနာပြပွဲမဟုတ်…။

ခေတ်ကြီးက အရှေ့ကိုသွား…
တိုင်းပြည်က နောက်ပြန်ဆုတ်
အသစ်ဆိုတာကို အဟောင်းနဲ့ ထုဆစ်ချင်သူတွေ
ကျုပ်ကတော့ ရှင်းရှင်းပဲပြောချင်တယ်-
ဒီမိုကရေစီဆိုတာ အမိန့်ပေးစံနစ်မဟုတ်ပါ…။


ဂင်ကြီး

Saturday, October 11, 2008

စက်ရုပ်ကဗျာ.... (ဂင်ကြီး)

စက်ရုပ်ကဗျာ

နေ့နဲ့.. ညကို
အဖြေရှာထုတ်..
အလုပ်ရှုပ်.. သိပ်ဟုတ်…။

အပေါင်းနဲ့.. အနှုတ်ကို
အဖြေရှာထုတ်..
အလုပ်ရှုပ်.. စိတ်ရှုပ်…။

လက်ရှိ.. ဘဝကို
အဖြေရှာထုတ်..
စက်ရုပ်.. စက်ရုပ်…။

( မှတ်ချက်။ ။ စက်ရုပ်လို လည်ပတ်နေရသူအားလုံးကို ရည်ညွှန်းပါသည်။)

(ဂင်ကြီး)

Wednesday, October 8, 2008

ကျနော့်ည…လွမ်း (ဂင်ကြီး)

ပန်းချီ ပိအိုင်း
ကျနော့်ည…လွမ်း

ကျနော်…..နဲ့
တောင်ပံတစ်စုံ
လေအဟုန်မှာလေ
ချစ်သူတွေဖြစ်လိုက်ကြပေါ့..
လေပြေညှင်း တလှည့်
မုန်တိုင်း တလှည့်..။

လွမ်းတယ်ဗျာ…
မမျှော်ပဲနဲ့ကို လွမ်းနေတတ်တာ
အသံတခုခု ကြားလိုကြားညား
(ရောခ်ခရက်) တောင်တန်းတွေဆီကိုလေ..
လေးသံကြားရတိုင်းပေါ့…။

မလာပါဘူး…
လေးညှိုသံတွေ မကြားရပါဘူး
ကိုလံဘီယာမြစ်က အေးစက်တာကိုး
ဟုတ်တယ်..
ဟုတ်တယ်ဗျာ…
ကျနော်ညက ဧရာဝတီကို
ကျနော့်ရင်ဘတ် ဝကွက်အပ်လိုက်တယ်…။

(ဂင်ကြီး)

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့