Monday, April 27, 2009

ဂီတချစ်သူများအတွက်...ဂီတ

ပိုစ်တွေမတင်ဖြစ်တာတောင် တော်တော်ကြာသွားတယ် လာလည်ကြတဲ့မိတ်ဆွေတွေအားလုံး ကို တောင်းပန်ချင်တယ်ဗျာ။ တခြားအလုပ်တွေကများ လူကတခါဖျား နောက်ခလေးတွေက နေမကောင်းဖြစ်ပြန်။ တော်တော်ကြာသွားတာပဲနော် အခုတော့ ကျနော်စမ်းတီးနေတဲ့ သီချင်း လေးတွေထဲက Flamenco တေးသွားလေးတပုဒ် တီးထားတာလေးတင်လိုက်တယ်ဗျာ။ ဒီဂီတအမျိုးအစားကိုတီးကြည့်ဘို့ ကျနော်ကိုတိုက်တွန်းတာကတော့ ကျနော်တို့ရဲဘော်ကြီး ကိုဘစောထွန်းပါ ကျနော်တို့နှစ်ယောက်သား တခါတလေ အွန်လိုင်းမှာ မြူးဇစ်အကြောင်း တွေပြောကြ တိုင်ပင်ကြ အလုပ်များနေတတ်ကြသေးတာလေ။

သူကတော့ Finger Style Acoustic တွေတီးတယ် ကျနော်ကိုလဲ မြူးဇစ် Note တွေပို့ပေး တယ်။ သူက Tommy Emmanuel ကိုတော်တော်ကြိုက်နှစ်သက်ပုံလဲရပါတယ်။ ဒါနဲ့ ကျနော်လဲ Right hand techniques တွေသိတ်ကောင်းတဲ့ flamenco Music တချို့ တီးဖြစ်ပါတယ်။ တော်တော်ခက်ပါတယ် လက်အယူအဆတွေပါ ပြောင်းပစ်ရတာတွေရှိတယ်။

ဒီဂီတအမျိုးအစားကို လက်တင်အမေရိကနိုင်ငံတွေနဲ့ စပိန်၊ အီတလီ စသည်ဖြင့်ပေါ့လေ နိုင်ငံ တွေမှာတီးကြတာများတာတွေ့ရပါတယ်။ အကနဲ့တွဲပြီးတော့လဲ မြူးကြွတဲ့ဟန်နဲ့ လှပတဲ့ ကကွက်တွေကို ဖန်တီးလေ့ရှိပါတယ်။ ကဟန်လေးတွေကလည်း ကြည့်လို့ကောင်းပါတယ်။ နောက်ဂီတသက်သက်ကိုလဲ Spanish Guitar နဲ့တီးပါတယ်။ ဗုံအမျိုးမျိုးနဲ့လဲတွဲတီးတာ တွေ့ရတယ် Flamenco ဂီတပညာရှင်တွေတီးထားကြည့် နားလည်သလောက်လိုက်တီး တခုတော့ရှိပါတယ် အသံကျယ်ပါတယ်။ တခါတခါ သူ့ဂီတပုံစံအရ ညာဘက်လက် ချောင်းတွေနဲ့ နိုင်လွန်ကြိုးတွေကို ခတ်ပြင်းပြင်းလေးလဲ ရိုက်တတ်ပါတယ်။ တချို့ပညာရှင် တွေက သံစုံတီးဝိုင်းတွေနဲ့လဲ တွဲတီးကြပါတယ် ဂစ်တာအိုးတွေ အပေါ်မှာလဲ ဗုံစည်းချက် တွေကိုတီးထားတာတွေလဲရှိပါတယ်။

တလောကတောင် ကိုအောင်သာငယ်နဲ့ Flamenco Music တွေအကြောင်းပြောဖြစ်ကြ ပါသေးတယ်။ သူလဲအရင်ကတီးခဲဘူးတယ် ကျနော့်ကိုလဲအကြံတချို့ပေးသွားပါသေးတယ်။ သူကတော့ Classical Music ကိုပဲတီးခြင်တော့တယ်တဲ့။ ကျနော်ကတော့ Flamenco တွေကို ပိုကြိုက်လာသလိုပဲ။ Right hand သိတ်ကောင်းလို့လေ ကျနော်ကလည်း Right hand အား နည်းခဲ့တာကိုး။ ဒါပေမဲ့ဗျာ တီးတာမကြာသေးပါဘူး ထုံစံအတိုင်းပေါ့ ဘဝင်မကျကြရင်လဲ သီးခံခံစားကြပါအုံးဗျာ စတီးတာမကြာသေးတော့ ကျနော်လဲ မကျွမ်းကျင်သေးဘူး တော်တော်လိုက်ရအုံးမယ် ဒါမှ တော်ယုံလေးလောက်ရမှာပါ အသက်ကကြီးသွားပြီ ဂီတသမား တယောက်အတွက် လေ့ကျင့်ချိန်က သိတ်စကားပြောတယ်လေ ဝါသနာသမားတယောက် အနေနဲ့တော့ တီးနိုင်သလောက်လေးတော့ တီးခြင်ပါသေးတယ်။



အားလုံးကိုကျေးဇူးပါ.....။


ဂင်ကြီး

11 comments:

ATN April 27, 2009 at 6:56 AM  

ကောင်းတယ်ဗျာ paco တီးတာကို နားထောင်နေရသလိုပဲ... keep it up ရဲဘော်ကြီးရေ့...

Anonymous,  April 27, 2009 at 7:49 AM  

က်ုဂင် လက်စွမ်းပြထားတာ ရှယ်ဘဲ။ ကျနော်လည်း ဂီတာတီးတာ ၀ါသနာပါပေမယ့် ဖြစ်ဖြစ်မြောက်မြောက် မရှိခဲ့ဘူး၊ အားကျတယ်ဗျာ၊

pandora April 27, 2009 at 8:13 AM  

၃ ခေါက် နားထောင်သွားတယ်

ကောင်းလိုက်တာဗျို့

Anonymous,  April 27, 2009 at 12:30 PM  

ဦးဂင်ကြီးရေ........
ကောင်းလိုက်တာ...
အသေခြာကိုအကြိမ်ကြိမ်နားထောင်သွားပါတယ်ရှင်။

ငြိမ်သက် April 27, 2009 at 5:58 PM  

နားထောင်သွားတယ်ဂျ

Nge Naing April 28, 2009 at 4:07 AM  

ဦးဂင်ကြီး
အနေ့က လာတုန်းက သိပ်အချိန်မရလို့ အသေအချာ နားမထောင်သွားလိုက်ရဘူး။ ဒီနေ့တော့ ကျွန်မတို့ လင်မယားနှစ်ယောက်စလုံး အသေအချာကို ထိုင်ပြီးနားထောင်လိုက်တယ်။ သိပ်ကောင်းပါတယ်။ ဒါပေမယ့် ဦးဂင်ကြီး ကျွန်မယောက်ျားကို မမီသေးဘူး။ ကျွန်မယောက်ျားကခင်မောင်တိုး သီချင်းကို ခင်မောင်တိုးနဲ့ တသံတည်းထွက်အောင် ကိုယ်တိုင်တီးပြီး ဆိုလို့တတ်သလို ခောတ်ဟောင်း မြန်မာသံစဉ် သီချင်းတွေဆိုလည်း စည်းဝါးနိုင်အောင် ဆိုလို့တတ်တယ်။ ကြွားတာ မဟုတ်ဘူးနော့် တကယ်ပြောတာ။ ခင်မောင်တိုးရဲ့ ခွန်အားပြည့်မိငယ်ဆိုရင် သူဆိုတာ ကျွန်မအသည်းစွဲပဲ။
ဦးဂင်ကြီးကိုကော ဦးဂင်ကြီးဇနီးက ဘယ်သီချင်းနဲ့ အသည်းစွဲသွားလဲ။

ဦးဂင်ကြီး April 28, 2009 at 5:02 AM  

ကိုအောင်သာငယ်၊ ပမာနီလာ၊ညီမမပန်၊မြူးသျှရီ၊ငြိမ်သက် အားလုံးပဲကွန်မင့်အတွက်ကျေးဇူးပါဗျာ။ Nge Naing ရေ သူကကျနော်ဆီမှာ ဂစ်တာတီးသင်တယ်လေ တောထဲမှာတုန်းက နောက်တော့ ကျနော်သူချင်းဆိုပြတာ သဘောကျသွားတာ ညားရောဆိုပါတော့ဗျာ...ဟားးးး)

ဦးဂင်ကြီး April 28, 2009 at 5:03 AM  
This comment has been removed by the author.
JulyDream April 28, 2009 at 5:12 PM  

ဂီတာ တီးတတ်ပြီး သီချင်းဆိုနိုင်ချင်လိုက်တာ...

အဲဒါမှာ ဂီတာတီးတာလည်း သင်ပေးနိုင်မှာလေ။ သီချင်းလေးလည်း ဆိုပြနိုင်မှာလေ။ အဟဲ...

သိတယ်နော်... :P

may16 April 28, 2009 at 11:44 PM  

ဦးဂင်ကြီးရေ ဂစ်တာတီးသင်ပေးရင်ပိုကောင်းမယ် ထင်တယ် ဟီး၂.
ကျန်းမာပျော်ရွင်ပါစေ...

yehtutnaung April 30, 2009 at 1:05 PM  

အကိုရေ.. ဒီဂီတအမျိုးအစားကို Latin တီးလုံးဆန်ဆန်လို့ ပဲ မှတ်ထားတာဗျ။ Mexican တွေ တီးတာလဲ ဒီဂီတ အမျိုးအစားပဲ ထင်ပါတယ်။ အကို သေသေချာချာ video နဲ့ တွဲပြီး ရှင်းပြထားလို့  သိရပါပြီ။ တီးပုံလေးကို တော်တော် နှစ်သက်မိတယ်ဗျာ။

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့