Friday, January 16, 2009

When the children cry- (ဂင်ကြီး)

ကျနော့်ရဲ့ ရဲဘော်ကြီး အောင်သာငယ် က When the children cry ကို တင်လိုက်တော့ ကျနော်လဲသူနဲ့ထပ်တူ ခံစားခဲ့ရတာပါ။ ဟုတ်ပါတယ် တကယ်တော့ အပြစ်မဲ့တဲ့ ခလေးတွေဟာ စစ်ပွဲတွေ၊ လူမှုရေး မတည်ငြိမ်မှုတွေ ၊ ပဋိပက္ခတွေကြားမှာ ဓားစာခံဖြစ်နေကြရတာပါ။ အခုလက်ရှိ ပါလက်စတိုင်းဒေသမှာ အပြစ်မဲ့ခလေးလေးတွေ ဗုံးဆန်၊ အမြောက်ဆံတွေကြောင့် နေ့စဉ်နဲ့အမျှသေနေကြရတာတွေ တွေ့နေရတော့ ကျနော်လဲ ကိုအောင်သာငယ်ကြီးခံစားရသလိုပါပဲ သား သမီးခြင်းစာနာမိတယ်။ ဘာကြောင့် ဒီလိုအပစ်မဲ့တဲ့ခလေးတွေ သေကြေနေကြရတာလဲ၊ ခလေးလေးတွေ ကမ္ဘာပေါ်မှ နေ့စဉ်နဲ့အမျှ အငတ်ဘေး၊သဘာဝဘေး၊စစ်ဘေးဒါဏ်တွေကြာင့် သေနေရတာကို ဒီသီချင်းလေးတီးပြီး ထပ်မံခံစားလိုက်တာပါ သီချင်းစာသားက တော့ ကိုအောင်သာငယ်ရဲ့ ဒီပိုစ် http://aungthange.blogspot.com/2009/01/when-children-cry.html မှာ သွားကြည့်လို့ရပါ တယ်။ ကျနော်က Classical တီးထားတာပါ သိတဲ့အတိုင်းပဲဗျာ ဝါသနာရှင်ဆိုတော့ သိတ်တော့မကောင်းပါဘူး နားလည်ခံစားပေး ကြပါဗျား လာရောက်နားဆင်ခံစားတဲ့မိတ်ဆွေတွေကို ချစ်ခင်လေးစားလျှက်ပါဗျာ...။



ဒီသီချင်းလေးနားဆင်ပြီး အားလုံးပဲ ကမ္ဘာပေါ်မှာ ဘေးဒုက္ခမျိုးစုံကြုံတွေ့နေကြတဲ့ အပြစ်မဲ့ ခလေးတွေအတွက် စာနာခံစားနိုင်ကြပါစေ..။

13 comments:

ATN January 16, 2009 at 5:59 AM  

ဘာလို့ သိပ်တော့ မကောင်းဘူးလို့ ပြောတာလဲ...
ဒီလောက် အရမ်း ကောင်းနေတာကို...

အဆိုလေး ထည့်လိုက်ရင် ပြီးပြီ...း)

:P January 16, 2009 at 6:14 AM  

အေးလေ............။

Anonymous,  January 16, 2009 at 9:17 AM  

တော်လိုက်တာ.. တော်လိုက်တာ..
သားသားဆိုပေးမယ်လေ.. ဦးဂင်ကြီးကတီးးP

Anonymous,  January 16, 2009 at 10:04 AM  

ကိုဂင်တီးထားတာလေးက ကောင်းတယ်၊ ခံစားလို့ ကောင်းတယ်၊ နောက်ဆိုအသံလေးနဲ့ပါ လုပ်ကြည့်ပါလား

ဆောင်းယွန်းလ January 16, 2009 at 5:12 PM  

ကိုဂင်ကြီးလက်သံပြောင်တယ်ဗျာ..တကယ်ကောင်းတာ

ခင်မင်လျက်

ခေါင်ခေါင် January 16, 2009 at 6:02 PM  

ဂစ်တာသံ လေး လာနားထောင်သွားတယ်... ဦးဂင်ရေ....
အသံမပါတော့... ဘာလိုနေမှန်း မသိ.. :P
တီးတာကတော့ ရှယ်ပဲ

Kaung Kin Ko January 17, 2009 at 12:44 AM  

ခံစားသွားတယ်ဗျ။ နဂိုဓာတ်ခံရှိတဲ့သူဆို မျက်ရည်ကျနိုင်တယ်ဗျာ။ စစ်ပွဲရဲ့ ဓားစာခံကလေးတွေ သနားပါတယ်ဗျာ။

ယောနသံစင်ရော် January 17, 2009 at 8:18 AM  

ဦးဂင်. .. ဂစ်တာတီးသင်ပေးပါဗျို့!!!!

ဒူကဘာ January 18, 2009 at 6:06 AM  

ွှဒေါက်..ဒေါက် ...ဒေါက် ..ဗျို့ ဦးဂင်ကြီး...သူ့ကလေး တိုက်ပေါ်က ပြုတ်ကျလို့ သေသွားတာအတွက် စပ်ဆိုထားတဲ့ အဲလ်ရစ် ကလက်(ဖ်)တန်ရဲ့ Tear from Heaven ပြန်နားထောင်ချင်တယ်ဗျို့....

pandora January 20, 2009 at 2:14 AM  

လက်ရာလေး နားထောင်သွားတယ်
ဟုတ်တယ်။ နောက်တခါဆိုရင် အဆိုပါ ထည့်ပေတော့။

တောင်ပေါ်သား January 20, 2009 at 8:25 PM  

အကိုရေ အတီးလေးကိုတော့ ကြိုက်တယ်ဗျာ ကျနော်က ဘာမှ တီးတတ်ဘူးဗျ

Anonymous,  January 22, 2009 at 5:46 AM  

ဒါလေးလဲ လိုချင်တယ်ဗျာ နော ပို့ပေးဗျာ
ဟုတ်တယ် ကိုဝင်ကြိးရေ ကလေးတွေဟာ
တကယ်တော့ မြေဇာပင်လေးတွေပါ ဒါပေမဲ့ဗျာ
..............................................
ဒါတွေတွေးမိရင် ခံစား၇တယ်ဗျာ လူမဆန်တဲ့
လူတွေ ရှိနေသမျှ သူတို့လေးတွေ ဒီဘ၀မကျွတ်
ဘူးဗျာ။

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့