Tuesday, January 19, 2010

နှစ်ဘက်မြင်ကြည့်ခြင်း...။


အခုမှပဲဘလော့ပြန်ရေးဖြစ်ပါတယ် မရေးပဲရပ်ထားတဲ့ကာလတွေမှာ လာရောက်နှုတ်ဆက် သွားကြတဲ့ ညီအကိုမောင်နှမတွေကိုလဲ ကျေးဇူးတင်လို့ကိုမဆုံးပါဘူး။ ဒီလိုလေးအရင်နှုတ် ဆက်ပြီးတော့ ကျနော်အခုတလောမှာ အားလုံးသိနေ၊ ကြားနေကြတဲ့ ဟေတီငလျှင် အ ကြောင်းသတင်းလေးတွေစုံနေတာပဲကိုး အင်မတန်ကြေကွဲစရာတွေပေါ့ဗျာ။ အခုည သတင်း လေးကြည့်ဖြစ်တော့ မိဘတွေက ငလျှင်ကြောင့် အသက်ဆုံးပါးသွားကြတဲ့ ပူတူတူတူး လေး တွေကို လူသားခြင်းစာနာတဲ့သူတွေက မွေးစားကြတဲ့သတင်းပါ အရရင်တုန်းကဆို ခလေးမွေးစားရင်တော်တော်လေးအချိန်ကြာပါတယ် မွေးစားမဲ့သူရဲ့နောက်ခံရာဇဝင်၊ ခလေးကို ပြုစုပျိုးထောင်နိုင်မှုအနေအထား၊ ကိုယ်ကျင့်သိက္ခာပိုင်းတွေပါ သေသေချာချာစစ်ဆေးပြီးမှ ခွင့်ပြုတာကိုး အခုတော့ ခလေးလေးတွေကို မြန်မြန်လေးသဘာဝဘေးကနေ လွတ်အောင်နဲ့တူတယ် ရက်ပိုင်းလေးပဲရှိသေးတယ် ခလေး (၆) ယောက် ဒီကနေ့ ဖလော်ရီဒါကို ရောက်လာတယ် လေဆိပ်မှာလေ လာကြိုကြတဲ့မွေးစားသူတွေက ခလေးတွေကို ပွေ့ဖက်ကြိုဆို နေကြတာ တော်တော်လေးမုဒိတာပွားစရာပါ ဒါနဲ့ပဲရပ်ထားတာကြာပြီးဖြစ်တဲ့ ဘလော့မှာ ထရေးဖြစ်တော့တာပါပဲ။

အော်..တို့နိုင်ငံမှာနာဂစ်ဖြစ်တုန်းက ဒီလိုပဲလူတွေသေကြတာသွားသတိရမိတော့ စိတ်ထဲမ ကောင်းပြန်ဘူး ငတေတွေနဲ့တော့(နအဖ) နဲ့တော့ ကွာလိုက်ပါပိဗျာ တိုင်းပြည်မှာလူတွေ သေနေတာ သဘာဝဘေးကြီးကြုံနေတာကို ကူမဲ့သူတွေစောင့်နေတာတောင်ပေးမဝင်ဘူး ကိုင်း.. ဘယ်လောက်လဲဆိုတော့ အကူအညီတွေသူတို့ဆီက တဆင့်သွားရမယ်ဆိုပြီး လုပ်လိုက်သေးတယ် အဲ့ဒီမှာ ကျနော်တို့လူမျိုးတွေ ပိုဒုက္ခရောက်ကြရတာကို ပြန်တွေးမိလို့ပါ။ ၂၀၀၈ ရွေးကောက်ပွဲဥပဒေကိုတော့ ဆန္ဒခံယူပွဲလုပ်ပြီးသေဘေးတွေ့နေတဲ့သူတွေကိုတော့ မဲထည့်ခိုင်းလိုက်သေးတာကလား စကားလုံးမရှာတော့ဘူးဗျာ တော်တော်စုတ်ပဲ့တဲ့ အစိုးရလို့ပဲပြောတော့မယ်။ သီတဂူဆရာတော်ကြီးရဲတရားတပုဒ်မှာ နာဘူးတယ် နာဂစ် အတွက်အလျှူတရားပွဲတခုမှာပြောသွားတာပါ။ ဆရာတော်ကြီးမိန့်သွားတာက “လူတွေဘေး ဒုက္ခတွေ့နေတာတွေသိရင် ကြားရင် ရင်ထဲမှာနင့်နင့်နဲနဲခံစားပါ။ သူတို့ကြုံတွေနေရတဲ့ ဘေးဒုက္ခတွေကနေ မြန်မြန်ကုစားနိုင်အောင် ကရုဏာတရားကိုအခြေခံပြီး လက်တွေ့ ကူညီကြပါလို့ပြောသွားတာပါ ကြေးစည်လေးထုပြီးအမျှဝေနေယုံလောက်နဲ့တော့ မလုံလောက် ဘူးတဲ့” ပညာရှိစကားမှတ်သားလောက်ပါပေတယ် တရားတော်နဲ့အညီ မိန့်သွားတာပါ ဝေသာလီပြည်မှာ ဘေးဆိုးကြီးကျရောက်တော့ ဘုရားရှင်ကိုယ်တိုင်ကြွရောက်ခဲ့ဘူးတဲ့ အကြောင်း ဟောသွားခဲ့တာပါ။

ကမ္ဘာသူကမ္ဘာသားတွေရော ကျနော်တို့နိုင်ငံသားတွေရော ဘေးဒုက္ခဆိုးကြီးတွေမှ ကင်းဝေး ကြပါစေလို့ဆုတောင်းပါတယ်ဗျာ။ ဖြစ်လာရင်လဲ လူသားခြင်းကမ္ဘာသားခြင်းအခုဟေတီမှာ လိုပဲ ကရုဏာတရားနဲ့ ကူညီစောင့်ရှောက်ကြရမဲ့တာဝန်ရှိပါတယ်နော် နိုင်ငံတာကာက မီးသတ်သမားကြီးတွေ အကူအညီပေးရေးလုပ်သားတွေက လူတွေကို အသက်ကယ် နေကြတာလေ တော်တော်လေး လေးစား၊မုဒိတာပွားစရာကောင်းလှပါတယ်ဗျာ အော်..မေ့လို့ဗျို့ နာဂစ်ဒုက္ခသည်တွေအတွက် နအဖ ကတောင်းထားတဲ့ဘီလျှံနဲ့ချီတဲ့ အကူအညီတွေရသွား လားမသိဘူး သိရင်သိတဲ့သူတွေအသေးစိတ်ပြာပြပေးပါအုံးဗျာ MIG 29 တွေဝယ်တဲ့အထဲ ပါသွားလားသိခြင်လို့ပါ။

ဂင်ကြီး

3 comments:

ကိုချစ်ဖေ January 19, 2010 at 4:17 AM  

ဟုတ်ဘူးတဲ့..အဲဒီလေယဉ်တွေ
ဝယ်တဲ့အထဲကိုထည့်ရင်သိသာလို့တဲ့..အဲ့ဒီ
ဝင်လာတဲ့ငွေကို ၅၀၀၀ တန်ပြောင်းထုတ်လိုက်တယ်တဲ့..ဟဲ..ဟဲ..
ဘလော့ကို အဲ့ဒီလောက်အကြာကြီး ပစ်မထားပါနဲ့ဗျား..
တချက်တချက်တော့ ရေးပါဦး.

Nge Naing January 19, 2010 at 12:56 PM  

ဦဂင်ကြီးရေ လာဖတ်သွားပါတယ်။ဟိန္တီနိုင်ငံက ဒုက္ခငလျင်ဒုက္ခနဲ့ မြန်မာပြည်က နာဂစ်ဒုက္ခတွေကို နှိုင်းယှဉ်ခံစားကြည့်မိပါတယ်။ မြန်မာပြည်က စစ်မိစ္ဆာကောင်တွေကတော့ ဆိုးယုတ်တဲ့နေရာမှာ ပြိုင်ဘက်ကင်းလို့ သူတို့နဲ့နှိုင်းစရာ ဘယ်မှာမှ မရှိပါဘူး။

မြ January 22, 2010 at 11:39 PM  

ဒုက္ခသည် ပြည်သူတွေက နေစရာမရှိ၊ ၀တ်စရာမရှိ..စားစရာမရှိလို့ အရိုးပြိုင်းပြိုင်းထနေတဲ့ လက်တွေနဲ့ တောင်းနေကြတယ်။

သူတို့က စိန် ရွှေတ၀င်းဝင်း အဆီပြင်တခါခါ လက်ဖောင်းကြီးတွေနဲ့ သူတို့အတွက် တို့လက်ထဲကို ထည့်လိုက်လေ..ဆိုပြီးတောင်းနေကြတယ်။

အဲဒီ နာကျင်မှုကနေပြီး
အရှက်ရနေတဲ့ ရွှေနိုင်ငံ...ဆိုတဲ့ ပန်းချီကားလေးတချပ်ကို ဆွဲဖြစ်ခဲ့တာပါ။

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့